ပြည် ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ပညာတံခွန်ခန်းမ၌ ယနေ့နံနက် ၈ နာရီက ပြည်ခရိုင် ကြက်ခြေနီအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲကျင်းပရာ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် ဦးစွာပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပညာရေးမှူးရုံး၊ရုံးခွဲ (ပြည်)မှ တိုင်းပညာရေးမှူး ဦးတင်ယုက ရှေးဦးသူနာပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြည်ခရိုင် ကြက်ခြေနီတပ်ဖွဲ့ ခရိုင်တပ်ဖွဲ့မှူး နည်းပြမှူး ဦးဝင်းကြိုင်က နုတ်ခွန်းဆက် စကားပြောကြားသည်။
သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူသင်တန်းသား (၁၀၀) ဦးတက်ရောက်ပြီး သင်တန်းတွင်နည်းပြဆရာ (၈) ဦးတို့က လူနာကိုအရေးပေါ်ပြုစုနည်း၊ ရုတ်တရက်အသက်ရှုရပ်လျှင် ပြုစုကုသပေးနည်း၊ accident လူနာတွေ့လျှင် အရေးပေါ်ပြုစုနည်း၊ ရေနစ်လူနာကို အရေးပေါ်ပြုစုပေးနည်း၊ သွေးထွက်လွန် လူနာကို သွေထိန်းပတ်တီးစည်းပေးနည်း၊ အရိုးကျိုးလူနာ/အရိုးကျိုးဒဏ်ရာအရေးပေါ် ဖြေရှင်းကုသပေးနည်းစသည့် ရှေးဦးသူနာပြုစုခြင်း (အခြေခံ)ဘာသာရပ် များကို သင်တန်းကာလသုံးရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုး(ပြည်)