ရွှေတောင် ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့မစျေးအတွင်းရှိ စျေးဆိုင်၊ ကုန်စုံဆိုင်နှင့် လူသုံးကုန်/အလှကုန်ဆိုင်များ ဘေးအန္တရာယ်ကင်းရှင်းရေး ရှောင်တခင်စျေးကွက် ထောက်လှမ်းစောင့်ကြည့်ခြင်းနှင့် အစားအသောက်နမူနာကောက်ယူခြင်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တိုင်းဦးစီးမှူ ဒေါ် မေသန်းနိုင်နှင့်ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်တို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးများကြီးကြပ်မှုကော်မတီပါ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် တာဝန်ရှိသူများပါဝင်သည့်စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)