သထုံမြို့၊ အမှတ်(၂)အ‌ခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

သထုံ ဇူလိုင် ၁၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(သထုံ)နှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ကျောင်းသားကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၂)အ‌ခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(သထုံ)မှ ဒုရဲအုပ်ဖြိုးသူခိုင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသူကျောင်းသားများသိသင့်သည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကိုသိရှိပြီး လိုက်နာကြစေရေး၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရန်/ရှောင်ရန်အချက်များတို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောရာ ကျောင်းသားကျောင်းသူများက သိလိုသည်တို့ကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင် အမှတ်(၂)အ‌ခြေခံပညာအထက်တန်းကျောင်းမှ ကျောင်အုပ်ဆရာမကြီး ဒေါ်သီတာကြည်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စု‌စုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်