ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ Community Centre ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ခန္တီး ဇူလိုင် ၁၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံး များအနေဖြင့် အများပြည်သူအသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများဖြစ်သည့် ဟောပြောပွဲများ၊ ပြပွဲ/ပြိုင်ပွဲများ၊ သင်တန်း များ၊ စာဖတ်ဝိုင်းများ အသိပညာပေး Talk Show များကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် လ ၂၃ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမတွင် လူငယ်များအတွေးအခေါ်မြင့်မားလာစေရန်၊ စကားပြောစွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲအား Youth Club အဖွဲ့ဝင်များနှင့် ပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခန္တီးခရိုင် ဉီးစီးမှူး ဒေါ်နန်းအေးခိုင်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွွဲကို စာရေးဆရာ လူထုစိန်ဝင်း ရေးသားထားသည့် ပန်းတိုင်ကဘာလဲနှင့် အခြားဆောင်းပါးများ စာအုပ်ဖြင့်ဆွေးပွဲပြုလုပ်ရာ မကြိုင်ဖိလှိုင်ညူက ဝါသနာကို ပြုစုပျိုးထောင်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယဉ်မေဆန်းက အဆိုးထဲကလည်း ပညာရပါတယ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မအေးနန္ဒာအောင်က အရှုံးသမားစိတ်ဓာတ် အမွေချန်မထားနဲ့ ခေါင်းစဉ်ဖြင့်လည်း ကောင်း အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)