ပေါင်မြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ပေါင် ဇူလိုင် ၁၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ပြုလုပ်ခြင်းကိုယနေ့ နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အာဇာနည်နေ့  ဖြစ်ပေါ်လာပုံအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ထို့ပြင် ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာမည်ဖြစ်ကြောင်း ဟောပြော ဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများက စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ် ဆိုခြင်းတို့ကို ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် အ.မ.က (လွန်)ကဒါကမ်းနား ကျောင်းအုပ်ဆရာမကြီး ဒေါ်လေးဖြူဖြူက အာဇာနည်နေ့အတွက် ပုံပြင်ပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် ဟောပြောပွဲများကို ပြုလုပ်ပေးသည့် ဌာန ကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊   ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းခဲ့ပြီး အာဇာနည်နေ့နှင့် ပတ်သတ်သည့် နံရံကပ်စာစောင်များကိုကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)