ဝန်းသိုမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ များကျင်းပ

ဝန်းသို ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဝန်းသို) တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (မြို့နယ်အဆင့်)အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့်  စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပသည်။

 (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ တွင်”လေးမြတ်ဂုဏ်ရည် အာဇာနည်”ခေါင်းစဉ်ဖြင့် (၁၀)ဦး၊ ကဗျာပြိုင်ပွဲတွင် “သမိုင်းမော်ကွန်းတည် ကိုးဦး အာဇာနည်”ခေါင်းစဉ်ဖြင့် (၁၀)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် “အာဇာနည်နေ့နှင့် အမျိုးသားရေး တာဝန်” ခေါင်းစဉ် ဖြင့်(၈)ဦး၊ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “မမေ့ အစဉ်လာ အာဇာနည်နေ့ အချိန်အခါ” ခေါင်းစဉ်ဖြင့် (၂၂)ဦး၊ ကဗျာပြိုင်ပွဲတွင် “အာဇာနည်မြတ် မမေ့အပ်”ခေါင်းစဉ်ဖြင့် (၁၇) ဦး၊ မူလတန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် “တို့များမမေ့နိုင် ၁၉ ဇူလိုင်”ခေါင်းစဉ်ဖြင့် (၂၃) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၉၀) ဦးတို့ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများအား ဆုများချီး မြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း