ပျော်ဘွယ် ဇူလိုင် ၁၄
ပျော်ဘွယ်မြို့နယ်တွင် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈)နာရီခွဲက မြို့မဈေးနှင့် လူစည်ကားသည့် နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဈေးရောင်း၊ ဈေးဝယ်နှင့် ပြည်သူများအား ပလတ်စတစ်လွမ်းမိုးမှု အများဆုံးဖြစ်သည့် ဈေး၊ လူနေအိမ်၊ လမ်းများ၊ ကျောင်းများ၊ မြစ်ချောင်းအင်းအိုင်များ စသည့်နေရာများ၌ ပလတ်စတစ် ညစ်ညမ်းမှု လျော့ချရေးအသိ ပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိတ္ထီလာခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ ဈေးရောင်းဈေးဝယ်များကို ပလတ်စတစ် ညစ်ညမ်းမှု လျော့ချရေး အသိပညာပေး လက်ကမ်းစာစောင် (၃၅၀)နှင့် ပလတ်စတစ်အသုံးပြုမှု လျှော့ချရန် အင်ဖက်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အသိပညာပေး လက်ကမ်းစာစောင်တွင် ပြည်သူများ ပလတ်စတစ်သုံးစွဲမှု လျော့ချနိုင်ရေးနည်းလမ်း များ၊ ပလတ်စတစ်ညစ်ညမ်းမှုဖြစ်ပေါ်စေသော အကြောင်း အရင်းများ၊ ပလတ်စတစ်ညစ်ညမ်းမှုမှ တစ်ဆင့် ဖြစ်ပွားစေသော ရောဂါများ၊ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးအတွက် ပလတ်စတစ် အသုံးပြုခြင်းနှင့် သက်ဆိုင်သော လူတိုင်းလိုက်နာဆောင်ရွက်နိုင်သည့် နည်းလမ်းများ၊ ပလတ်စတစ် စွန့်ပစ်မှုလျှော့ချနိုင်ရေးနှင့် ညစ်ညမ်းမှုဖြေရှင်းရန် ဆောင်ရွက်ရမည့်အချက် များနှင့် ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)