ကွတ်ခိုင် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်ဘတ်ဂျက်ရန်ပုံငွေဖြင့် နမ့်ဖတ်ကာဒေသ လွယ်ကန်-မန်ဂျတ်ကျေးရွာအုပ်စု၊ လွယ်ကန်ကျေးရွာဇေတဝန်ဘုန်းကြီးကျောင်းဝန်းအတွင်း၌ အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်(၈:၃၀)အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လွယ်ကန်ကျေးရွာဇေတဝန်ဘုန်းကြီးကျောင်းဝန်းအတွင်း၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်ဘတ်ဂျက်ရန်ပုံငွေဖြင့် ၆၀ × ၃၀ Rc ၁ ထပ်ဆွမ်းစားကျောင်းဆောင်(မြန်မာမှုအပါ) တည်ဆောက်မည်ဖြစ်ပြီး ယင်းအုတ်မြစ်ချခြင်းမင်္ဂလာအခမ်းအနားကို ဇေတဝန်ကျောင်းထိုင်ဆရာတော် ဦးပညာဘောဂဦးဆောင်၍ ဆရာတော်ကြီး(၇)ပါးမှကျင်းပခဲ့သည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ဆန့်နှင့်အဖွဲ့ဝင်များ၊ နမ့်ဖက်ကာဒေသ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကများ၊ ရပ်မိရပ်ဖများ၊ Four Eleven Company Limited တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြရာ ပန်ဂျရော့ကျေးရွာအုပ်စု သာသနာရောင်ခြည်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဦးအာဒိစ္စမှ အလှူရေစက်ချတရားဟောကြားခဲ့ပြီး နံနက်(၉:၂၀)တွင် အုတ်မြစ်ချခြင်းမင်္ဂလာ အခမ်းအနား ပြီးစီးခဲ့ကြောင်းသတင်းရရှိသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)