ကျွန်းလှမြို့နယ်၌ မော်တော်ယာဉ်လိုင်စင်နှင့် နံပါတ်ပြား လဲလှယ်တပ်ဆင်ခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး

ကျွန်းလှ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မော်တော်ယာဉ်လိုင်စင်နှင့် နံပါတ်ပြား လဲလှယ်တပ်ဆင်ခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ် အချိန်က မြို့အဝင်ပူးပေါင်းဂိတ်၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး မော်တော်ကား၊ ဆိုင်ကယ်များအား စစ်ဆေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို