မန့်ဟီးရိုး ဇူလိုင် ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတ တိုးတက်မြင့်မားရေးအတွက် ရပ်ကွက်/ကျေးရွာများသို့ စာအုပ်စာစောင်များ ကွင်းဆင်းသွားရောက် ငှားရမ်းပေးသကဲ့သို့ ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယမန်နေ့ နံနက် (၁၀:၃၀) အချိန်က မန့်ဟီးရိုးမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များကို လက်ဝယ်အရောက် သွားရောက်ငှားရမ်း ပေးခဲ့ပါသည်။
အဆိုပါစာအုပ်၊ စာစောင်များ ငှားရမ်းဆောင်ရွက်ပေးရာတွင် မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်မာမာအောင်က ဦးစီးဆောင်ရွက်ခဲ့ပြီး မန့်ဟီးရိုးမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ဝန်ထမ်းကျင့်ဝတ်များ၊ ဝန်ထမ်းနည်းဥပဒေများနှင့် ဆိုင်သော စာအုပ် များ၊ အသိပညာဗဟုသုတတိုးပွားဖွယ် သုတရသစာအုပ်များ၊ ဝတ္ထုတိုများ၊ မဂ္ဂဇင်းများ၊ ကျန်းမာရေးသုတစာစောင်များ၊ နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံ တကာခေါင်းဆောင်များ၏ အဆိုအမိန့်များကို အားလပ်ချိန်တွင် လေ့လာဖတ်ရှုနိုင်ရန် လက်ဝယ်အရောက် ငှားရမ်းဆောင်ရွက်ပေးခဲ့ပြီး နေ့စဉ်ထုတ် သတင်း စာများဖြစ်သော မြန်မာအလင်းနှင့် ကြေးမုံသတင်းစာများ၊ (၁၅) ရက်တစ်ကြိမ် ထုတ်ဝေသော ဒို့ကျေးရွာဂျာနယ်များကိုလည်း လေ့လာဖတ်ရှုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။ ထို့အပြင် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း အားလပ်ရက် စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင်လည်း ပြည်သူ့စာကြည့် တိုက်သို့ ဖတ်ရှုချင်သော စာအုပ်စာစောင်များ၊ အလုပ်နှင့်သက်ဆိုင်သော စာအုပ်စာစောင်များကို အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် ယခုကဲ့သို့ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များကို ပြည်သူများထံသို့ တစ်လတစ်ကြိမ် ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးပြောကြား ခဲ့ပါသည်။
မန့်ဟီးရိုး