သပိတ်ကျင်း ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်များ စာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန် ယနေ့နံနက် ၁ဝ နာရီက စာပေဝါသနာရှင်များ စုပေါင်းပြီး စာရေးဆရာ ကောင်းပြည့်သော် ရေးသားသည့် "ဘုရင်ဖြစ်မယ့် လက်ညှိုး" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များက “ဘုရင်ဖြစ်မယ့်လက်ညှိုး” စာအုပ်တွင်ပါရှိသော စနစ်တကျတွေးခေါ်မှုနှင့် စနစ်တကျကြိုးစားအားထုတ်ခြင်း၊ စိန်ခေါ်မှု အခက်အခဲများကို ရင်ဆိုင်ဖြတ်ကျော်ခြင်း၊ ပညာနှင့်ပညာရေး ရင်းနှီးမြှုပ်နှံခြင်းစသည့် ခေါင်းစဉ်များမှ လူငယ်တွေမှာ အခြေခံကောင်းတွေရှိတယ်၊ လူငယ်တွေ စနစ်တကျတွေးခေါ်မှုနဲ့ စနစ်တကျကြိုးစားအားထုတ်ရင် နယ်ပယ်တစ်ခုမှာဘုရင်/ဘုရင်မဖြစ်မယ်၊ လူငယ်တွေအနေနဲ့ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မယ်၊ နယ်ပယ်တစ်ခုခုမှာ ဘုရင်/ဘုရင်မတစ်ပါး ဖြစ်ဖို့ဆိုရင်တော့ စနစ်တကျတွေးခေါ်မှုနဲ့ ကြိုးစားအားထုတ်မှု ပေါင်းစပ်မှသာ ရရှိပါလိမ့်မယ် စသည့်အတွေးအခေါ်အကြောင်းအရာ အချက်အလက်များကို ဖတ်ကြားပြီး မိမိတို့၏ သဘောထားအမြင်များဖြင့် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)