သင်္ဃန်းကျွန်း ဇူလိုင် ၁၄
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာ ဦးစီးဌာနအောက်ရှိ ပညာရေးဒီဂရီ ကောလိပ်များတွင် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ်တွင် ယနေ့နံနက် (၁၀) နာရီ၌ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်းမှ သင်တန်းသား၊ သင်တန်းသူ (၄၂) ဦးနှင့် ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူ (၇၀) ဦး စုစုပေါင်း (၁၁၂) ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်ဆက်)