မက်မန်းမြို့ (အ-ထ-က) ကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပ

မက်မန်း ဇူလိုင် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်း မြို့နယ်တွင် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ကို အောင်းမေ့ သတိရသောအားဖြင့် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်အေးဝင်းခိုင် (ဦးစီးအရာရှိ) က အာဇာနည်နေ့ သမိုင်းကြောင်းနှင့် အာဇာနည်၏ အဓိပ္ပာယ်အားလည်းကောင်း၊ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး) က အာဇာနည် (၉) ဦး၏ အထ္တုပ္ပတ္တိအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုပမ်းမှုများအကြောင်း၊ အာဇာနည်စိတ်ဓာတ်နှင့် အတုယူလေးစားဖွယ်ရများကို ဟောပြောခဲ့သည်။ ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါဟောပြောပွဲတွင် မက်မန်းမြို့ အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၈၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ