မိုးစပါးစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းရရှိစေရန်ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းပြသဆောင်ရွက်

မင်းလှ ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးစပါးလျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်ရေးနှင့် စပါးအထွက်နူန်းတိုးစေရန်အတွက်ဆောင်ရွက်လျက်ရှိရာ အမှတ်(၂၇)မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် သရက်တပင်အုပ်စု၊ သရက်တပင်ကျေးရွာ‌ တောင်သူဦး‌‌ကျော်နိုင်၏ လယ်မြေ(၃.၅၀)ဧက၌ ဆင်းသုခစပါးမျိုးအားကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းပြသဆောင်ရွက်ခဲ့သည်။

ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊မြို့နယ်စိုက်ညှိအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံတောင်သူများတတ်ရောက်ကြည့်ရှုခဲ့ကြသည်။

ကောက်စိုက်စက်ဖြင့် ယနေ့ထိမိုးစပါး ၅၀ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး ၇၀ ဧကခန့်ထပ်မံစိုက်ပျိုးရမည်ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးမည့်တောင်သူများအနေဖြင့်  ကောက်စိုက်ဖြင့်စိုက်ပျိုးမည်ဆိုလျှင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ပျိုးထောင်စိုက်ပျိုးခြင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)