လှိုင်းဘွဲ ဇူလိုင် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ များဖြင့် Box Culvert တံတား(၁၂)စင်း တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေး၊ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် လမ်းခင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး အတွက် အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွက် လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များအတွင်း Box Culvert တံတား အလျား(၂၆)ပေ၊ အနံ(၂ ဒဿမ ၉)ပေ၊ အနက်(၄)ပေရှိ တံတား(၂)စင်း၊ အလျား(၂၂)ပေ၊ အနံ(၂ ဒဿမ ၉)ပေ၊ အနက်(၄)ပေရှိ တံတား(၆)စင်း၊ အလျား(၂၀)ပေ၊ အနံ(၂ ဒဿမ ၉)ပေ၊ အနက်(၄)ပေရှိ တံတား(၄)စင်း စုစုပေါင်း Box Culvert တံတား(၁၂)စင်းအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၄၃.၄၂၃) ကျပ်သန်းဖြင့် တည်ဆောက်ပေးနေလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။
စောဒိ(ပြန်/ဆက်)