သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို၌ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှု သင်တန်းဆင်းပွဲကျင်းပ
Jul 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲတိုပူးပေါင်းဖွင့်လှစ် သည့် ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခန်းမတွင်ကျင်းပပြုလုပ်သည်။
မော်လမြိုင်ကျွန်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းများ၊ ထူးချွန်ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းများ၊ ထူးချွန်ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပြင်ဦးလွင်မြို့တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 16,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၉:၀၀) နာရီက ပြင်ဦးလွင်မြို့နယ်၊ အင်းယားကျေးရွာအုပ်စု၊ ကြီးကိုင်ကျေးရွာ၊ ရေထိန်းတော၌ ကျင်းပပြုလုပ်သည်။
ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 16,2023
ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား ယမန်နေ့နေ့လည် (၃:၀၀) နာရီအချိန်ခန့်က ကန်ကြီး‌ထောင့်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ်၌  သဘာဝရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Jul 16,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြစ်၊ ချောင်း၊ သဘာဝရေပြင်များတွင် ငါးမျိုးပြန်းတီးမှု မဖြစ်ပေါ်စေရန်၊ ငါးထုတ်လုပ်မှု တိုးတက်စေရန်၊ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန် စသည့်ရည်ရွယ်ချက်များဖြင့်
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်​မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jul 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ​ခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကာမိုင်းမြို့၌ အတည်တကျပြောင်းရွှေ့နေထိုင်သည့် စစ်ရှောင်ပြည်သူများအားထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့
Jul 16,2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ နန့်စီးအင်ကျေးရွာအုပ်စု ထွယ်ဆန်ယန်ရပ်ကွက်အတွင်းရှိ အတည်တကျပြောင်းရွှေ့နေထိုင်သည့်(RC) စစ်ရှောင်ပြည်သူများအားထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယ​နေ့နံနက်(၁၀)နာရီက ကာမိုင်းမြို့ ကောင်ရာကျေးရွာ(RC)ဘုရားရှစ်ခိုးကျောင်းခန်းမ၌ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မိုးညှင်းတက္ကသိုလ်၌ ခရိုင်/ မြို့နယ်တို့မှ ဘောလီဘောလက်ရွေးစင်အသင်းများနှင့် တက္ကသိုလ်လက်ရွေးစင် ဘောလီဘောအသင်းတို့ ချစ်ကြည်ရေးအားကစားပွဲကျင်းပ
Jul 16,2023
ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် ခရိုင်နှင့်မြို့နယ်တို့မှ ဘောလီဘောလက်ရွေးစင် အသင်းများနှင့် တက္ကသိုလ်လက်ရွေးစင် ဘောလီဘောအသင်းတို့ ချစ်ကြည်ရေးအားကစားပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲတွင် ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပခဲ့သည်။