ဟိုပုံး ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲတိုပူးပေါင်းဖွင့်လှစ် သည့် ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခန်းမတွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်က အဖွင့်အမှာစကားပြောကြားရာတွင် ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းသည် နှလုံး၊ သွေးတိုး၊ ဆီးချို၊ အဝလွန်ရောဂါ၊ အရိုးပွရောဂါ၊ စိတ်ကျရောဂါ၊ အူမကြီးကင်ဆာအစရှိသည့် ရောဂါများဖြစ်ပွားနိုင်ခြင်း၊ အရွယ်မတိုင်မီသေဆုံးခြင်းရဲ့ အဓိက အချက်တစ်ခုဖြစ်ပါကြောင်း၊ ဒါကြောင့် ကျန်းမာကြံ့ခိုင်ရေး၊ ရောဂါကြိုတင်ကာကွယ်ရေး၊ သက်တမ်းစေ့စွာနေနိုင်ရေးတိုအတွက် ကိုယ်လက် လှုပ်ရှားမှုတစ်ခု နေ့စဉ်ပြုလုပ်ကြဖိုလိုအပ်ပါကြောင်း၊ ဒီသင်တန်းကို ဌာနဆိုင်ရာ ကိုယ်စားပြုတက် ရောက်လာကြသည့် ဝန်ထမ်းများအနေနဲ့ သင်တန်းပြီးဆုံးသည်အထိ ပူးပေါင်းပါဝင်ပေးကြတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတိုဌာနတွေမှာ ကျန်းမာရေးအသိပညာပြန်လည်မျှဝေဖိုလိုအပ်ကြောင်း ပြောကြားသည်။ ထိုနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့်အဖွဲ့ဝင်များက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော် နှင့်အဖွဲ့ဝင်များက သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ သင်တန်းသူထူးချွန်ဆုများကိုလည်းကောင်းအသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းသူများမှ Physical Fitness Dance အကဖြင့်ကပြဖျော်ဖြေခဲ့ကြသည်။ အဆိုပါသင်တန်းကို ဇူလိုင်လ(၃)ရက်နေ့မှ ဇူလိုင်လ(၁၆)ရက်နေ့ အထိဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ ဆက်)