ငပုတော ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ငပုတောမြို့နယ်သည် သမိုင်းကြောင်း ကောင်းမွန်သောသည့် မြို့တစ်မြို့ ဖြစ်ပြီး ပညာရေးတွင်လည်း၊ ကျန်းမာရေးနှင့် အနုပညာနယ်ပယ်အသီးသီးတွင်လည်း ထွန်းပေါက်အောင်မြင်သူများစွာရှိပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများမှလည်း ဆက်လက်ကြိုးစားရမည်ဖြစ်ကြောင်း ၊အသက်မွေးဝမ်းကြောင်းဆိုင်ရာ တက္ကသိုလ်၊ သက်ဆိုင်ရာ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များတွင် ဆက်လက်ပညာဆည်းပူးသင်ယူကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုကိုခံယူကာ ယခုကဲ့သို့ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ပြုဆုရရှိသူများကို ဆုချီးမြှင့်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကျင်အေး မှ ၂၀၂၃ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် ဂုဏ်ထူးကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည် ။
ဆက်လက်ပြီး (၄)ဘာသာဂုဏ်ထူးရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးကျော်သူ၊ (၃)ဘာသာ ဂုဏ်ထူးရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင် (၂)ဦးသန်းဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူး ရဲမှူး မြင့်ရွှေတို့မှလည်းကောင်း၊ (၁)ဘာသာ ဂုဏ်ထူးရှင်များအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာထွန်းနှင့်မြို့နယ်ပညာရေးမှူး ဒေါ်ကျင်အေးနှင့် မြို့နယ်ဌာနဆိုင်ရာများ မှတာဝန်ရှိသူများမှလည်းကောင်း အသီးသီးဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို ဇာတိမာန်သီချင်း သီဆို၍ ပိတ်သိမ်းခဲ့ကြောင်း သိရသည် ။
အောင်သူ (ပြန်/ ဆက်)