မော်လမြိုင်ကျွန်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းများ၊ ထူးချွန်ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းများ၊ ထူးချွန်ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ  အ.ထ.က (၂) ကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက “မင်္ဂလာပါ” သီချင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်မှ အဖွင့်ပြောကြားသည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အောင်ချက်အကောင်းဆုံး အ.ထ.က၊ အ.ထ.က (ခွဲ) ကျောင်းများအား ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်ဆုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁) တို့မှ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဆက်လက်၍ အ.ထ.က (၁) ကျောင်းမှ ကျောင်းသား/သူလေးများက “လက်ခတ်သံ” သီးချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေကာ ထူးချွန်စွာအောင်မြင်ခဲ့ကြသော (၆) ဘာသာဂုဏ်ထူးရှင် (၁)ဦးလျှင် တန်ဖိုးငွေ (၉၀၀၀၀၀) ကျပ်ရှိ လက်စွပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ (၅) ဘာသာဂုဏ်ထူးရှင် (၁) ဦးလျှင် ဂုဏ်ပြုဆုငွေ (၂၀၀၀၀၀) ကျပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ (၄) ဘာသာဂုဏ်ထူးရှင် (၄) ဦးအား ဂုဏ်ပြုဆုငွေ (၁၀၀၀၀၀) ကျပ်စီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ (၃) ဘာသာဂုဏ်ထူးရှင် (၄၉) ဦးအား ဂုဏ်ပြုဆုငွေ (၅၀၀၀၀) ကျပ်စီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ (၂)ဘာသာဂုဏ်ထူးရှင် (၆၄) ဦးအား ဂုဏ်ပြုဆုငွေ (၃၀၀၀၀)ကျပ်စီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ (၁) ဘာသာဂုဏ်ထူးရှင် (၁၃၇) ဦးအား ဂုဏ်ပြုဆုငွေ (၁၅၀၀၀) ကျပ်စီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ထူးချွန်စွာ သင်ကြားပေးခဲ့ကြသည့် ဆရာ/ဆရာမ (၈၃) ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ အဖွဲ့ဝင် (၂) ဦးတင်လှိုင်၊ အဖွဲ့ဝင် (၃) ဦးစောဝဏ္ဏနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်မာမူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များက ဂုဏ်ပြုဆုချီးမြှင့်မှု စုစုပေါင်းတန်းဖိုး (၈၉၁၅၀၀၀) ကျပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.ထ.က (၂) ကျောင်းမှ ကျောင်းသား/သူလေးများက ဦးရွှေရိုးနှင့်ဒေါ်မိးအကဖြင့် အခမ်းအနားရုပ်သိမ်းခဲ့ ကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)