သတင်းများ

လယ်ဝေးမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ
Jul 17,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၊ ဧရာဝတီခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်၊ မြို့နယ်အဆင့် ဆောင်းပါး၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်၌ ကာကွယ်ဆေးများထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန် Cold Chain Key Person (CCKP) and Vaccine Logistic Management Information System (vLMIS) သင်တန်းဖွင့်လှစ်
Jul 17,2023
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အအေးလမ်းကြောင်းတာဝန်ခံများအတွက်ကာကွယ်ဆေးများ ထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန် Cold Chain Key Person (CCKP) and Vaccine Logistic Management Information System (vLMIS)  သင်တန်း ယမန်နေ့နံနက် စစ်တွေမြို့၊ SS Food Cneter ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 17,2023
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းကစစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီးဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိ ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဥတ္တရမထေရ်၏ အန္တိမဈာပနပူဇာသဘင်အခမ်းအနားတက်ရောက်
Jul 17,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က သက်တော်(၅၉)နှစ်၊ သိက္ခာတော်(၃၉)ဝါရှိ ဘားအံမြို့၊ အမှတ်(၅) ရပ်ကွက်၊ ဓမ္မဝါသီကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဥတ္တရမထေရ်၏ အန္တိမအဂ္ဂိဈာပန သာဓုကီဋ္ဌနပူဇာသဘင် ရေစက်ချ အခမ်းအနားသို့ တက်ရောက်ကြည်ညိုခဲ့ကြသည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာဆွေးနွေးပွဲ ကျင်းပ
Jul 16,2023
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) က ကြီးမှူးကျင်းပသော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီက ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းရှိ M-3 Food Center ၌ ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးအပြင် သီးထပ်သီးနှံများစိုက်ပျိုးနိုင်ရေး ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jul 16,2023
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးချိန် တောင်သူများ၏ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးနှင့် မိုးစပါးအပြင် သီးထပ်သီးနှံများ စိုက်ပျိုးဆောင်ရွက်နိုင်ရေး၊ မြို့နယ် အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၅ ရက် နံနက် ၈ နာရီက သွားရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ ကလေးစာဖတ်ခန်း၌ စိတ်ကြိုက်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Jul 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ ညနေ (၃) နာရီခွဲက အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ စိတ်ကြိုက်ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်သူများ၊ ဂုဏ်ထူးရရှိအောင်သင်ကြားပေးသော ဆရာ/ မ များအား ဂုဏ်ပြုချီးမြှင့်
Jul 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဆု ရရှိခဲ့သောကျောင်းများ၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့ကြသည့် ဆရာ/ မများအားဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို အ.ထ.က(၁)၊ ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။