ကာမိုင်း ဇူလိုင် ၁၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ နန့်စီးအင်ကျေးရွာအုပ်စု ထွယ်ဆန်ယန်ရပ်ကွက်အတွင်းရှိ အတည်တကျပြောင်းရွှေ့နေထိုင်သည့်(RC) စစ်ရှောင်ပြည်သူများအားထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယနေ့နံနက်(၁၀)နာရီက ကာမိုင်းမြို့ ကောင်ရာကျေးရွာ(RC)ဘုရားရှစ်ခိုးကျောင်းခန်းမ၌ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ (RC)စစ်ရှောင်စခန်းမှ အတည်တကျပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု(၁၂)စု၊ လူဦးရေး(၅၁)ဦးတို့အတွက် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့်လည်းကောင်း၊ ဆန်ရိက္ခာဖိုးငွေ တစ်လစာ တစ်ဦးလျှင်(၉၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပြောင်းရွှေ့အိမ်ထောင်စု (၁၂)စုအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပုံး(၁၂)ပုံးတို့ကိုလည်းကောင်း မြို့အုပ်ချုပ်ရေးမှူး၏ဦးဆောင်မှုဖြင့် သင်ဆိုင်ရာတာဝန်ရှိသူများနှင့် ဘာသာရေးအဖွဲ့ခေါင်းဆောင်များက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ ဆက်)