Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မတ္တရာမြို့နယ်၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုအလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာရေးစပ် ပြိုင်ပွဲများကျင်းပ
Jul 16,2023
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲများကို ဇူလိုင်လ (၁၆) ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Jul 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းအုပ်စုရှိ ပြည်သူများအား ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျဉ်းမနားခရိုင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇင်လတ်၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့ နံနက်ပိုင်းက ကင်ပွန်းတန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ လှိုင်းဘွဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံ
Jul 16,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စု၊ မိုးနိုင်းကျေးရွာ၊ အ.မ.က (လွန်)စာသင်ကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတို့မှ မိုးနိုင်ကျေးရွာအုပ်စုတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်များဆောင်ရွက်နိုရေးအတွက် ဇူလိုင်လ ၁၅ရက်နေ့က ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် (၆၆)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲကျင်းပပြုလုပ်ရာ ရှင်သာမဏေ(၅၀၄)ပါးဝင်ရောက်ဖြေဆို
Jul 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဖောင်ရွာရပ်၊ နေလသုခဓမ္မာရုံ(ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် ယနေ့မွန်းတည့်(၁၂)နာရီက ကျောင်းထိုင်ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၆၆)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာဝိနည်းစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရှင်သာမဏေ(၅၀၄)ပါး ဝင်ရောက်ဖြေဆို ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင် ပြပွဲများကျင်းပ
Jul 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ဇူလိုင် (၁၆) ရက်နေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးကြီးကြပ်ကော်မတီတို့ ဦးစီးကျင်းပသည့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်း(၂)စီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာများသို့ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နဲ့အညီပန်းခင်း(၂)စီမံချက်ဖြင့် ဝန်ထမ်းများသည်အဖွဲ့များခွဲကာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရပ်ကွက်များဖြစ်သော အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၁၂)ရပ်ကွက်တွင် ပြည်သူ့များအား နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်း(၉)နာရီက မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10320
Page
10321
Page
10322
Page
10323
Current page
10324
Page
10325
Page
10326
Page
10327
Page
10328
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department