သတင်းများ

မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး Campaign ဆောင်ရွက်
Jul 17,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာပေး Campaign ဆောင် ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက မင်းလှမြို့ ဇေယျာသီရိစျေးအပြင်ဘက် ဥပုသ်စျေးတွင် ဈေးရောင်းစျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်နှင့်အင်ဖက်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ စစ်မှုထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုများချီးမြှင့်
Jul 17,2023
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော စစ်သည်များ၊ စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့၊ နေ့လယ် ၁ နာရီ အချိန်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းခန်းမ၌ ကျင်းပရာအခမ်းအနားသို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ လားရှိုးတပ်နယ်မှ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိစစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ စစ်သည်အစားခန့်အရပ်သား ဝန်ထမ်းများနှင့် ဆုရ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ရသေ့တောင်မြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Jul 17,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည်ယမန်နေ့‌နေ့လယ်(၁၂)အချိန်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကူတောင် ကျေးရွာနှင့်ဦးဂါကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။
တောင်တွင်းကြီးမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှု‌လျှော့ချရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 17,2023
ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များသည် အလွယ်တကူ ဆွေးမြေ့ကြေပျက်မှုမရှိသည့်အတွက် ကမ္ဘာ့ရေထု၊ မြေထု၊ လေထုအား ညစ်ညမ်းစေခြင်း၊ အပင်များနှင့် သက်ရှိသတ္တဝါများအတွက် အန္တရာယ်ဖြစ်စေနိုင်ခြင်းတို့ကြောင့် မြို့ရွာများတွင် ပတ်ဝန်းကျင်အမြင် တင့်တယ်မှုမရှိသဖြင့် တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ် အစားထိုး စက္ကူ၊ အင်ဖက်၊ ငှက်ပျောဖက် စသည့် အခြားထုပ်ပိုးပစ္စည်းများဖြင့်
မောက်မယ်မြို့၌ သက်ကြီးဘိုးဘွားများအား ကျေးရွာအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေး
Jul 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၂)အရ လူဝင်ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှရုံးသို့ မလာရောက်နိုင်သော သက်ကြီးဘိုးဘွားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လ.ဝ.ကဦးစီးမှူး ရုံးဝန်ထမ်း များမှ ယမန်နေ့နံနက် ၁၀ နာရီက ဟိုနမ့်ကျေးရွာအုပ်စု၊ ပူယာစန်းကျေးရွာ၊ ကျေးရွာခန်းမဆောင်တွင် ကွင်းဆင်း၍သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု
Jul 17,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာစံထွန်းဝေနှင့်တာဝန်ရှိသူများ လိုက်ပါ၍ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နှင့် တပ်ကုန်းမြို့နယ်များတွင် နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအဆင်ပြေစေရန်အတွက် ယနေ့နံနက်ပိုင်းက  လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
မင်းပြားမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ခင်ဇော် လေးမြို့မြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲသို့ တက်ရောက်
Jul 17,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက လေးမြို့မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မင်းပြားမြို့၊ မင်းဘာကြီး ရပ်ကွက်ရှိ   ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃)သို့ တက်ရောက်
Jul 17,2023
မကွေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၃)ကို ဇူလိုင်လ ၁၄ ရက် နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး MSME Agency နာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး MSME Agency ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။