ပြင်ဦးလွင်မြို့တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ စိမ်းလန်းစိုပြည်ရေးနှင့်  သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးတို့အတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၉:၀၀) နာရီက ပြင်ဦးလွင်မြို့နယ်၊ အင်းယားကျေးရွာအုပ်စု၊ ကြီးကိုင်ကျေးရွာ၊ ရေထိန်းတော၌ ကျင်းပပြုလုပ်သည်။

အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ခံအရာရှိများနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/ကျေးရွာသားများ စုစုပေါင်းအင်အား (၅၀၀) ဦးခန့်တို့က မဟော်ဂနီ (၃) ပင်၊ ချယ်ရီ (၃) ပင်၊ ရေသင်းဝင် (၃၀၀) ပင်၊ ရေပိတုန်း (၃၀၀) ပင်နှင့် မန်ဂျန်ရှား (၃၀၀၀) ပင် စသည့်အပင်ပေါင်း (၃၆၀၉) ပင် တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)