နမ့်ခမ်းမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကျင်းပ
Jul 16,2023
ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံတော်၏ အထိမ်းအမှတ်နေ့များကိုသတိတရရှိစေရန်၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ပုဂ္ဂိုလ်ကြီးများအား အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထားလေးစာမြတ်နိုးတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ (၇၆)နှစ် မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က အထက(၁) ကျောင်းခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။