သတင်းများ

ချောင်းသာမြို့တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင် ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်က ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာကျောင်း ၅ ကျောင်းသို့ Mask များ အခမဲ့ဖြန့်ဝေ
Jul 18,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ပေါ်ရှိ လေးစုရပ်ကွက်ရှိအမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်း၊ မှန်တန်း အခြေခံပညာ အလယ်တန်းကျောင်း၊ နဂါးရပ်အခြေခံ မူလတန်းလွန်ကျောင်းနှင့် ပြဿဒ်ကြီးရပ် အခြေခံ မူလတန်းကျောင်းများသို့ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲပြုလုပ်
Jul 18,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အောင်မြေသာစံမြို့နယ်နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ သော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ" အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ(အရှေ့)ရပ်ကွက်၊ ၂၄ လမ်း၊ ၈၀/၈၁ လမ်းကြားရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရာဇာခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျုံပျော်မြို့နယ်၊ ဆင်ချောင်းရွာ ပြည်သူများထံသို့ ဆန်များ ဈေးနှုန်းချိုသာစွာရောင်းချ
Jul 18,2023
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်များ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ တောချောင်း ကျေးရွာ အုပ်စု၊ ဆင်ချောင်းကျေးရွာတွင် ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Jul 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ ကျောင်းသား/ သူများ ဗဟုသုတများတိုးပွားစေရန်၊ နိုင်ငံသားကောင်းရတနာများတိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မေဃဝတီအခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
လှိုင်မြို့နယ်၊ အ‌ခြေခံပညာမူလတန်းကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jul 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.လ.က ၅ ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၈၆) ဦးထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများ ကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးသွားမည်​ဖြစ်ကြောင်း သိရသည်။
မြင်းခြံတက္ကသိုလ်၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jul 18,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် အကောင်းဆုံး ကျောင်းများနှင့် ဂုဏ်ထူးရထူးချွန် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးရ ထူးချွန် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်း မြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။