မြင်းခြံတက္ကသိုလ်၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

မြင်းခြံ ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးအေးဟန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာစာပါမောက္ခ(ဌာနမှူး) ဒေါက်တာနေလင်းက အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရခြင်းနှင့် အမှတ်ပေးစည်းကမ်းများကို ပြောကြားခဲ့သည်။

          ထို့နောက် (၇၆) အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ တွင် ဆုရရှိသူများအား မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးအေးဟန်၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ မြင့်မြင့်ခိုင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်ဝင်းဦးတို့က ပေးအပ်ခဲ့ရာ ဆုရရှိသူ ကျောင်းသား/ကျောင်းသူ အသီးသီးက လက်ခံရယူခဲ့သည်။ (၇၆) အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၆) ဦး၊ ကဗျာ ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၉) ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။                           

ကျော်စွာ(မြင်းခြံ)