သတင်းများ

ပြည်ဒေသ၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး "ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်းများ" ဖွင့်လှစ်
Jul 18,2023
ပဲခူးတိုင်းဒေသကြီအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်သော "ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်းများ" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် တိုင်း/ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊‌ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ ကဏ္ဍအလိုက် ခရီးသွားလုပ်ငန်းရှင်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်သည်။
လပွတ္တာခရိုင်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ လက်တွေ့ လေ့ကျင့်ဆောင်ရွက်
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား လက်တွေ့လေ့ကျင့်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လပွတ္တာခရိုင်မီးသတ်ဦးစီးဌာနရုံး၌  ပြုလုပ်ခဲ့သည်။
လင်းခေး၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဥာဏ်စမ်းပဟေဠိ ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲပြုလုပ်
Jul 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) ၌ ယနေ့နံနက် ၉နာရီက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲပြုလုပ်ခဲ့ကြောင်း သိရ သည်။
အိမ်မဲမြို့နယ်တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများကျင်းပ
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဉာဏ်ရည်မြှင့် ပြိုင်ပွဲများကို ယနေ့ နံနက် (၁၀) နာရီတွင်ကျင်းပသည်။
ငါးသိုင်းချောင်း (အ.ထ.က) ကျောင်း၌ (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ (အ.ထ.က) ကျောင်းတွင် (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောက်ရွက်ခြင်းကို ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရေကြည်မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်(၉)နာရီ(၃၀)မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင် သိရသည်။
အ.ထ.က(ပေါင်းတည်)၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Jul 18,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊စက်တင်ဘာလ ၁၃ရက်နေ့တွင် ကျရောက်မည့်လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြို ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည် )၊ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
မတ္တရာမြို့နယ်တွင် ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကျင်းပ
Jul 18,2023
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှုး၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပခဲ့သော ၇၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကောလင်းမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jul 18,2023
၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(မြောက်အင်း)တွင် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြလုပ်သည်။