ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ရုပ်ပုံပြပုံပြောပြိုင်ပွဲဆောင်ရွက်
Jul 18,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်ပေါ်ပုံကို သိရှိစေရန် အတွေးအခေါ်ရင့်သန်လာစေရန်၊ စာပေအကျိုးကျေးဇူး များကို သိရှိစေရန် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ ဖြစ်လာစေရေး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ရုပ်ပုံပြပုံပြောပြိုင်ပွဲကို ယနေ့၊ နံနက် (၁ဝ) နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။