သတင်းများ

မိုးမောက်မြို့၌ ကျောက်စီရေမြောင်းဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ကြိုတင်ကွင်းဆင်း ဆောင်ရွက်
Jul 18,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ကြေးနန်းရပ်ကွက် (ကျောက်စခန်းသွားလမ်း) သို့ ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့၌ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ခရီးစဉ်တွင် တောင်သူများနှင့် တွေ့ဆုံပွဲ၌ တောင်သူများမှ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် လယ် (၃၆၆) ဧကတွင် မိုးရာသီအချိန်၌ စပါးစိုက်ပျိုး နိုင်ရေးနှင့် မိုးရာသီပြီးချိန်တွင်လည်း လယ်ဧက (၃၀၀) ကျော်တွင် နွေစပါး၊ ဆောင်းသီးနှံ၊ သီးထပ် သီးညှပ် အပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် ကျောက်စီ ရေမြောင်းဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြတောင်းခံခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်  ကဗျာရွတ်ပြိုင်ပွဲပြုလုပ်
Jul 18,2023
ကရင်ပြည်နယ်၊   သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့  အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ   မိုးလုံလေလုံအားကစားခန်းမတွင်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့နေလယ်(၁)နာရီအချိန် ကပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ပြေးခုန်ပစ်ပြိုင်ပွဲ၌ အမျိုးသမီး တံခွန်စိုက် ဒုတိယဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ
Jul 18,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ၌ ကံမမြို့နယ်မှ အမျိုးသမီး တံခွန်စိုက် ဒုတိယဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီက ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၁၅၈ စင်တီမီ တာသာလို
Jul 18,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၁၅၈ စင်တီမီတာလိုကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။
မြောင်းမြမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ မိမိနိုင်ငံ၏ အထိမ်းအမှတ် နေ့ထူးနေ့မြတ်များကို သတိတရရှိစေရန်နှင့် စာပေဗဟုသုတ ပြည့်စုံနိုင်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲ ကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်း-ညောင်ဦးလမ်း မိုင်တိုင် ၃/၇ တွင် ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျောက်ပန်းတောင်း-ညောင်ဦးလမ်း မိုင်တိုင် ၃/၇ တွင်ကျင်းပခဲ့ကြောင်းသိရသည်။
တုံတာမြို့၌ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းစတင်ဆောင်ရွက်
Jul 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်နှင့် မိုင်းပျဥ်း​​မြို့လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော် တို့ပူးပေါင်း၍ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက်များကောက်ယူခြင်းလုပ်ငန်းကို