ကျုံပျော်မြို့နယ်၊ ဆင်ချောင်းရွာ ပြည်သူများထံသို့ ဆန်များ ဈေးနှုန်းချိုသာစွာရောင်းချ

ကျုံပျော် ဇူလိုင် ၁၈

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်များ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ တောချောင်း ကျေးရွာ အုပ်စု၊ ဆင်ချောင်းကျေးရွာတွင် ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် တောချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆင်ချောင်း ကျေးရွာရှိ အိမ်ခြေ (၂၃၀)မှ မိသားစုများထံသို့ တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည် (၂၅၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ အခြေခံစားကုန်များ ဈေးနှုန်းချိုစွာ ရရှိစေရေးအတွက် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနကလည်း  ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ကာ စားသုံးဆီ တစ်ပိဿာလျှင် (၄၃၀၀) ကျပ် နှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်လျက်ရှိကာ ဝယ်ယူကြသည့်  ပြည်သူများ ဝမ်းမြောက်ကြ ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)