လှိုင် ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.လ.က ၅ ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၈၆) ဦးထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများ ကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေး၊ ကာကွယ်ဆေးထိုးနှံမည့်သူများ မကျန်ရှိစေရေး၊ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် စနစ်တကျရှိစေရေးအတွက် ကျန်းမာရေးစစ်ကြောင်းနှင့် ပညာရေးစစ်ကြောင်းတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်း၀င်များ ပူးပေါင်း၍ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းသီတာမိုး (ပြန်/ဆက်)