သတင်းများ

ကန်ကြီးထောင့်မြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကာယာဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ပြပွဲများကျင်းပ
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကာယာဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ နှင့် နံရံကပ်ပြပွဲများကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
အမ်းမြို့နယ်၌ တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာ Drum Seederဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Jul 18,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ တိုက်ရိုက်စပါး မျိုးစေ့ချ ကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီအချိန်က အောက်ရွာကျေးရွာရှိ တောင်သူဦးဇော်မျိုးထက်၏ လယ်မြေ၌ ကျင်းပပြုလုပ်သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ပင်လောင်းမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား တက်ရောက်
Jul 18,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ​မြို့နယ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
ကြံခင်းမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်သည်။
(၇၆) နှစ်မြောက်အားဇာနည်နေ့ ပုံပြင်ပြောပြိုင်ပွဲပြုလုပ်
Jul 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရေကြည်မြို့နယ်တွင် နှစ်ပတ်တစ်ကြိမ် အခွန်လွတ်ဈေးဖွင့်လှစ်ရောင်းပေး
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ၊ ရေကြည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရေကြည်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက စားသောက်ကုန်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချနိုင်ရေးအတွက် ရေကြည်မြို့ နေဝင်းရပ်ကွက်ရဲစခန်းလမ်းတွင် အခွန်လွတ်ဈေးကို ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်။
ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့၌ ရောက်ရှိမည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေသတိပေးချက် လိုက်လံနှိုးဆော်
Jul 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ခန္တီးမြို့ပေါ်ရှိရပ်ကွက်များအတွင်း ချင်းတွင်းမြစ်ရေကြီးချင်းသတိ‌ေပးချက်အား လိုက်လံနှိုးဆော်ခဲ့ကြသည်။