သတင်းများ

မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေး
Jul 18,2023
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ဟဲလုံခေတ်မီ စံပြကျေးရွာ ထူထောင်ရေးစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ က ယနေ့ နံနက်(၉)နာရီက သွားရောက်ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “(၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်” အသိ ပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Jul 18,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးအသိပညာပေး Talk Show ကျင်းပ
Jul 18,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ် တားဆီးထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ မွန်းလွဲ ၁နာရီက ကျင်းပ ပြုလုပ်သည်။
ငပုတောမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုများထုတ်ချေးပေးနိုင်ရေးနှင့် မိုးစပါးတစ်ဧက (၁၀) တင်းနှုန်းတိုးထွက်စေရေးအတွက် တောင်သူများနှင့်တွေ့ဆုံ
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ သွင်းအားစုများ ထုတ်ချေးပေးနိုင်ရေးနှင့် မိုးစပါးတစ်ဧကလျှင် (၁၀) တင်းနှုန်း တိုးထွက်စေရေးအတွက် ယမန်နေ့ညနေပိုင်းက လိပ်ချောင်းကျေးရွာအုပ်စု၊ ဒယ်ကုန်းကျေးရွာရှိ မိုးစပါးစိုက်တောင်သူများအား ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့ညနေပိုင်းက မြို့နယ်စီအုပ်ချုပ်ရေး အုပ်ချုပ်ရေးအဖွဲ့မှ ​တွေ့ဆုံခဲ့သည်။
ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် (၆၂) ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်ခွဲ) ရှစ်လ သင်တန်းဖွင့်လှစ်
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၌ (၆၂)ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်ခွဲ) ရှစ်လသင်တန်းဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက အဆိုပါဆေးရုံကြီး၏ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အမာမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဌာနမှ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ မိုးရာသီတွင်ဖြစ်ပွားတတ်သော ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းရောဂါများ ကြိုတင်ကာကွယ်နိုင်‌ရေး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အမာမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းလွန်ကျောင်းများ၌ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို ယမန်နေ့ညနေ (၃) နာရီတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ငရုတ်ကောင်းမြို့ (အ.ထ.က) ကျောင်း၌ (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီစွမ်းရည်ပြိုင်ပွဲကျင်းပ
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ (အ.ထ.က) ကျောင်းတွင်ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံတော်၏အထိမ်းမ်းအမှတ်နေ့များကို သတိရစေရန်၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ပုဂ္ဂိုလ်ကြီးများအား အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထားလေးစားမြတ်နိုးတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ရှင်သန်ထက်မြက်စေရန်ရည်ရွယ်ပြီး စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းကငရုတ်ကောင်းမြို့ (အ.ထ.က) ရှိရွှေရတုခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အ.လ.က မြင်းတဲကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊စားသုံးသူရေးရာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အ.လ.က မြင်းတဲကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။