မန္တလေး ဇူလိုင် ၁၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အောင်မြေသာစံမြို့နယ်နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ သော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ" အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ(အရှေ့)ရပ်ကွက်၊ ၂၄ လမ်း၊ ၈၀/၈၁ လမ်းကြားရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရာဇာခန်းမတွင် ကျင်းပပြုလုပ်သည်။
အစီအစဉ်အရ အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စံပယ်က လူငယ်ရေးရာသိကောင်းစရာများ အသိပညာပေးပြောကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇေကိုကိုပိုင်က မီးဘးအန္တရာယ် ကြိုတင်ကာကွယ်ရေး အကြောင်း ဆွေးနွေးဟောပြောပြီး အောင်မြေသာစံမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းအေးက အားကစားနှင့်လူငယ်အကြောင်း အသိပညာပေးပြောကြားကာ ဘတ်စကက်ဘောလုံးနှင့် ခြင်းလုံးတို့ကို ထောက်ပံ့ပေးအပ်လှူဒါန်းသည်။
အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စံပယ်နှင့်ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းအေးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ကြသည်။
အဆိုပါဟောပြောပွဲ မစတင်မီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင်များ ခင်းကျင်ပြသခြင်းများဆောင်ရွက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း