လှည်းကူးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

လှည်းကူး ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ ကျောင်းသား/ သူများ ဗဟုသုတများတိုးပွားစေရန်၊ နိုင်ငံသားကောင်းရတနာများတိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မေဃဝတီအခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မေဃဝတီအခြေခံပညာအလယ်တန်းကျောင်းမှ လက်ထောက်ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းအေးက အဖွင့်အမှာစကားပြောကြား ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့ကလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လှည်းကူးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွှန့်က အာ​ဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့်ပက်သက်၍ အသိပညာပေးဟောပြောသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ၊ဆရာမများ၊ကျောင်းသား/ သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သုတ/ ရသစာအုပ်၊စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်စားစွာလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ ဆက်)