မိုးမောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းတွင် အသုံးပြုနိုင်ရေး ထောက်ပံ့ပစ္စည်းများပေးအပ်

ဗန်းမော် ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၀ နာရီက မိုးမောက်မြို့နယ် မံပုံကျေးရွာရှိ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ယာယီပူးပေါင်း စစ်ဆေးရေးဂိတ်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မိုးမောက်မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းတွင် အသုံးပြုနိုင်ရေး အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များသည် မိုးမောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မိုးမောက် မြို့နယ်အတွင်းရှိ Quarantine Centre များအတွက် ကြက်ဥ(၃၆၀)လုံး၊ ရေသန့်(၂၀)ကတ်၊ လက်သန့်ဆေးရည် (Hand Gel)(၂၀)ဘူး၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) (၅၀၀)ခု တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ မိုးမောက်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေက လက်ခံရယူခဲ့ပြီး သက်ဆိုင်ရာ Quarantine Centre များသို့ ဆက်လက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)