လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၁၀)ဦးထပ်မံတွေ့ရှိ

လပွတ္တာ ဇူလိုင် ၁၄

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ဇူလိုင် ၁၃ရက်နေ့တွင် နေမကောင်းဖျားနာပြီး သံသယရှိသူ စုစုပေါင်း(၁၂)ဦးအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ Positive ကျား(၆)ဦး၊ မ(၄)ဦး စုစုပေါင်း(၁၀)ဦး ထပ်မံတွေ့ရှိပြီး (၂၄)ဦး ထပ်မံ ဆေးရုံဆင်းခွင့်ရရှိပြီး ကျား(၂)ဦး သေဆုံးကြောင်း မြို့နယ် ကိုဗစ်-၁၉ ကော်မတီမှ သိရသည်။

လပွတ္တာမြို့နယ်တွင် ဂန့်အိတ်ကျေးရွာ လယ်လုပ် မ(၁)ဦး၊ ကြာနီကန်ကျေးရွာ ကျား(၁)ဦး၊ အမှတ်-၅ရပ်ကွက် မ(၁)ဦး၊ အမှတ်-၁၀ရောင်း၀ယ်ရေး ကျား(၁)ဦး၊ အမှတ်-၉ရပ်ကွက် မ(၁)ဦး၊ အမှတ်-၉ရပ်ကွက် ပန်းချီပန်းပု ကျား(၁)ဦး၊ အမှတ်-၁၀ရပ်ကွက် ဆိုက်ကားနင်း ကျား(၁)ဦး၊ အမှတ်-၉ရပ်ကွက် စျေးရောင်း မ(၁)ဦး၊ အမှတ်-၁ရပ်ကွက် ချောင်းတွင်းလမ်း ကျား(၁)ဦး၊ အမှတ်-၁၀ ရပ်ကွက် ဘုရင့်နောင်လမ်း ကျား(၁)ဦးတို့ကို ပိုးတွေ့ရှိရပြီး အမှတ်-၁၀ရပ်ကွက် ဘုရင်နောင်လမ်းနေ ကျား(၁)ဦးသည် ရင်ကြပ်ရောဂါဖြင့် ခုတင်-၂၀၀ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သံသယရှိ၍ စစ်ဆေးရာ ကိုဗစ်-၁၉ Positive တွေ့ရှိ၍ ကုသမှုခံယူလျက်ရှိရာ ညနေ ၆ နာရီခွဲတွင် သေဆုံးခဲ့သည်။

အမှတ်-၃ရပ်ကွက် ဆောက်လုပ်ရေး လုပ်ငန်းလုပ်သူ ကျား(၁)ဦးသည် ကိုဗစ်-၁၉ Positive တွေ့ရှိ၍ ခုတင်-၂၀၀ ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေစဉ် ယနေ့နံနက် ၃ နာရီခွဲတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါပိုးတွေ့လူနာများအား မြို့နယ် ကိုဗစ်-၁၉ ကော်မတီနှင့် ခရိုင်/မြို့နယ်ကုသရေး ဦးစီးဌာနတို့က ခုတင်(၂၀၀)ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင်တွင် ထားရှိ၍ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးလျက်ရှိပြီး ၎င်းတို့​နေအိမ်များအား ကန့်သတ်နယ်မြေအဖြစ် ဆောင်ရွက် ထားလျက်ရှိပြီး လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ စုစုပေါင်း(၁၂၉)ဦး ထိရှိခဲ့ပြီး ဆေးရုံးဆင်းခွင့်ရရှိသူ စုစုပေါင်း(၆၅)ဦးထိရှိရာ သေဆုံးသူ(၂)ဦးဖြစ်ပြီး ဆက်လက် ကုသဆဲလူနာ စုစုပေါင်း(၆၂)ဦးရှိကြောင်း သိရသည်။

လပွတ္တာ ခရိုင်(ပြန်/ဆက်)