နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၉)ဦးထပ်မံတွေ့ရှိ

နမ္မတူ ဇူလိုင် ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ (၉)ဦး ထပ်မံတွေ့ရှိခဲ့ပြီး (၁၃)ဦးဆေးရုံဆင်းခွင့်ရရှိကာ (၂)ဦးသေဆုံးခဲ့ပြီး၊ (၂၆)ဦး ဆေးကုသမှုခံယူ လျက်ရှိကာ စုစုပေါင်းပိုးတွေ့လူနာ (၄၁)ဦးရှိပြီဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ထပ်မံတွေ့ရှိတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာကိုးဦးမှာ နမ္မတူမြို့နယ်၊ ပန်ဟိုက် ရပ်ကွက် (၂)တွင်နေထိုင်သည့် အမျိုးသားတစ်ဦး၊ ပန်ဟိုက်ရပ်ကွက် (၃) တွင်နေထိုင်သည့် အမျိုးသား တစ်ဦး၊ ပန်ဟိုက်ရပ်ကွက် (၄) တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး၊ ခိုဖိတ်ကျေးရွာမှ အမျိုးသမီးနှစ်ဦး ဆိုက်ခေါင်ကျေးရွာမှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ဖြစ်သည်။

၎င်းကိုဗစ်ပိုးတွေ့လူနာကိုးဦးတို့သည် ဇူလိုင်လ (၁၃)ရက်နေ့တွင် နေမကောင်းသဖြင့် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်၍ RTD Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည်။

အဆိုပါ ပိုးတွေ့လူနာ ကိုးဦးအား နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံ (Isolation ward)တွင် (၅)ဦးနှင့် အခြေခံသတ္တုတွင်းလုပ်ငန်းခွင်သင်တန်းကျောင်းရှိ စောင့်ကြည့်ကြပ်မတ် ဆေးကုသသည့်နေရာတွင် (၄)ဦးအသီးသီး ပြောင်းရွှေ့ကာ သီးသန့်ထားရှိ ကုသပေးလျက်ရှိပြီး ကျန်းမားရေးကောင်းမွန်လျက် ရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

သို့ဖြစ်ပါ၍ ပန်ဟိုက် (၃)၊ ပန်ဟိုက် (၄)မှ ပိုးတွေ့လူနာနှင့်အတူ မိသားစုဝင်များ နေထိုင်သည့် နေအိမ်အား (Stay at Home) သတ်မှတ်ဆောင်ရွက် ထားရှိကြောင်းနှင့် ပန်ဟိုက်ရပ်ကွက် (၂)၊ ခိုဖိတ်ကျေးရွာနှင့် ဆိုက်ခေါင်ကျေးရွာမှ ပိုးတွေ့လူနာနေအိမ်တို့မှာ (Stay at Home) သတ်မှတ် ဆောင်ရွက်ထားသော နေအိမ်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

လူမော်