မြို့‌ပေါ်ရပ်ကွက်များသို့ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖက်ပူဇော်

တွံတေး ဇူလိုင်၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံ​တေးမြို့နယ် မြို့‌ပေါ်ရပ်ကွက်များသို့ မြို့နယ်သံဃနာယကအဖွဲ့မှ ဆရာတော်များက ယမန်နေ့ ညနေ ၄နာရီခွဲအချိန်က မြန်မာနှစ် သစ်ကူး အန္တရာယ်ကင်းပရိတ်‌တရားတော်များ ရွတ်ဖတ်ပူ‌ဇော်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီးနောက် တွံတေးမြို့နယ် နိဓြောရုံကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္နောဘာသနှင့် မြို့နယ်သံဃနာ ယကအဖွဲ့ ဆရာတော်များ သံဃာ့တော်များမှ မြို့ပေါ်ရပ်ကွက် (၈)ရပ်ကွက်သို့ လှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပြီး ပရိတ်ရေများပက်ဖြန်းခဲ့ကြောင်း သိရသည်။

မျိုးလှိုင်