အုတ်ဖို ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ရက်ချိန်းစေ့၍ ထိုးနှံရန်ကျန်ရှိသော ဝန်ထမ်းများ၊ အသက်(၁၈) နှစ်ပြည့်ပြီး ဒေသခံပြည်သူ များအားယနေ့ နံနက် ၉ နာရီ အချိန်မှ စ၍ နေ့လည် ၁၂ နာရီအချိန်အထိ မြို့နယ် ပြည်သူ့ဆေးရုံတွင် ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်းအထူးကြပ်မတ်စီစဉ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကိုမြို့နယ်ဆရာဝန်ကြီး၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးခြင်းမပြုမီ ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အောက်ဆီဂျင်တိုင်း ခြင်းတို့ကို ဆောင်ရွက်ပေးပြီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေး ကြောင်း၊ ယနေ့နံနက်တွင် အခြေခံပညာရေးဌာနမှ ဆရာ/ ဆရာမများနှင့် ဝန်ထမ်း(၂၇)ဦးလာရောက်ထိုးနှံခဲ့ကြောင်း မြို့နယ်ပြည်သူ့ ဆေးရုံမှ သိရသည်။
အောင်သူ