ငဖဲ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာက ပဒါန်းကျေးရွာအုပ်စု ပဒါန်းကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာအသုံးပြုနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း စင်မြင့်ရေစင်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက် ထားရှိမှု အခြေအနေကို ယနေ့နံနက် ၁၀ နာရီအချိန် က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဝိုင်းယုမော် နှင့် ဝန်ထမ်းများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေ နိုင်ငံတော်ထောက်ပံ့ငွေကျပ် ၁၀ သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၁.၉ သန်း စုစုပေါင်း ငွေကျပ် ၁၁.၉ သန်းဖြင့် ဇူလိုင်လ ၄ ရက်နေ့ကစတင်ဆောင်ရွက်သည့် စင်မြင့်ရေစင်တည်ဆောက်ခြင်း (၁၀'×၁၀'×၁၂') ၊ ရေစက်ရုံတည်ဆောက်ခြင်း (၅'×၅'×၇')၊ ၂လက်မ VPC ပေ ၄၅၀၀ အရှည်ရှိ ရေပိုက်သွယ်တန်းခြင်း၊ 28 Pump မီတာတပ်ဆင်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်း အားလုံးရာနှုန်းပြည့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက်ပူးပေါင်းဆောင်ရွက်ကြရန် ကျေးရွာကော်မတီ ဝင်များအား တွေ့ဆုံ၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)