မိုးကောင်း ဩဂုတ် ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို မိုးကောင်းခန်းမ၊ နမ္မတီးအထကကျောင်း၊ ပင်းဘော ကျေးရွာ ဘက်စုံသုံး ခန်းမတို့၌ ဩဂုတ်(၃)ရက်နေ့မှစတင် ထိုးခဲ့ရာ ယနေ့ထိ ဆေးထိုးပြီးသူဦးရေ (၃၀၉၀)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharmကို ထိုးပေးခဲ့ရာ ဩဂုတ် ၁၀ ရက်နေ့ထိ စာရင်းရှိ(၆၅)နှစ်အထက်(၁၄၉၀)ဦး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း(၁၀)ဦး၊ Volumteer/ ပရဟိတ(၂၄၁)ဦး၊ ဘာသာရေး ကျောင်းများမှ ဘုန်းတော်ကြီးနှင့် သီလရှင်(၁၀၂)ပါး၊ နိုင်ငံ့ဝန်ထမ်း (၃၄၃)ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း(၄၇)ဦး၊ ပုဂ္ဂလိကအလုပ်ရုံ စက်ရုံဝန်ထမ်း(၃၄)ဦး၊ ဟိုတယ်မိုတယ် တည်းခိုခန်း ဝန်ထမ်း(၁၅)ဦး၊ Supermarket ဈေးမှဝန်ထမ်း(၈၈၀)ဦးနှင့် ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်းမှ(၉)ဦး စုစုပေါင်း(၃၀၉၀)ဦး ထိုးပေးပြီးကြောင်း သိရသည်။
မိုးကောင်းမြို့နယ်အတွက် (၁-၈-၂၀၂၁)ရက်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm အလုံးရေ(၁၃၀၀)နှင့် (၉-၈-၂၀၂၁)ရက်တွင် ဆေးလုံးရေ(၅၀၀) စုစုပေါင်း (၁၈၀၀)ရရှိပြီး ယနေ့ထိ (၁၅၄၅)လုံး သုံးစွဲဆေးထိုးပေးပြီး ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)