ထန်းတပင်(ရန်ကုန်) သြဂုတ် ၁၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် အရေးပေါ်လူနာများအတွက် အောက်စီဂျင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ငွေကျပ်(၁၇)သိန်းတန်ဖိုးရှိ OXYGEN CONCENTRATOR စက်(၁)လုံးကို အလှူရှင်များ စုပေါင်းကာ အဆိုပါဆေးရုံကြီးသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်ထံသို့ OXYGEN CONCENTRATOR စက် (၁)လုံးကို အလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ကြကြောင်းလည်း သိရသည်။
OXYGEN CONCENTRATOR စက်(၁)လုံးလှူဒါန်းနိုင်ရေးအတွက်လည်း အလှူရှင်များဖြစ်ကြ သည့် ဦးဝင်းရွှေနှင့်ဇနီးဒေါ်စန္ဒာဝင်းမိသားစုတို့မှ ငွေကျပ်(၅)သိန်း၊ ဦးအေးနိုင်ထွန်းမိသားစုတို့မှ ငွေကျပ်(၅)သိန်း၊ ဦးမြင့်လွင်နှင့်ဇနီး ဒေါ်အေးအေးမော်မိသားစုတို့မှ ငွေကျပ်(၅)သိန်းနှင့် ဦးသက်ဝေနှင့် ဇနီး ဒေါ်တင်တင်နုမိသားစုတို့မှ ငွေကျပ်(၂)သိန်း စုပေါင်းကာ ငွေကျပ်(၁၇)သိန်း တန်ဖိုးရှိ OXYGEN CONCENTRATOR စက်(၁)လုံးကိုဝယ်ယူ၍လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)