ဟင်္သာတခရိုင်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး( ၁၀/၂၀၂၁ )ကျင်းပ

ဟင်္သာတ ဩဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက် သွားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၀/၂၀၂၁)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း က ခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လမ်းညွှန်မှာကြားသည့်  ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ   လုပ်ငန်းများနှင့်ပြည်သူများ သိရှိလိုက်နာနိုင်ရေး အသိပညာပေး  လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များ၊ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိထားသူများအတွက် လိုအပ်သော ကျန်းမာရေး ဆေးကုသမှုများနှင့် စနစ်တကျ ထားရှိနိုင်ရေးအတွက်  Quarantine Centre များ စီစဉ်ထားမူကိစ္စများ ၊ Stay Home ကာလသတ်မှတ်ချက် စည်းကမ်းချက်များနှင့်အညီ ပြည်သူများ လိုက်နာနိုင်ရေး၊ ကာကွယ်ဆေးထိုး လုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး မိမိတို့ ကော်မတီ အဖွဲ့ဝင်များအနေဖြင့် လိုအပ်ချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရန် ပြောကြား သည်။

ဆက်လက်၍  ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဌေးဌေးလှိုင်နှင့် ပြည်သူ့ကျန်းမာရေး ဌာနမှ ဒေါက်တာ ညီညီလွင် တို့က  ခရိုင်တွင်းရှိ ကိုဗစ်-၁၉ရောဂါ လူနာများ အခြေအနေ နှင့်  Quarantine Centre များရှိ ဆောင်ရွက်နေမူ အစီအစဉ်များ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများကို စနစ်တကျ ဆေးကုသပေးနေသည့် လုပ်ငန်းများ၊ ကာကွယ်ဆေး ထိုးနှံ ပြီးစီးမှုနှင့် လိုအပ်ချက်အခြေအနေများကို ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့်  ဌာနဆိုင်ရာများ က မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး  လုပ်ငန်းများနှင့်  စပ်လျဉ်းပြီး ယခုထက် ပိုမို ထိရောက်စွာ ကာကွယ်ဆောင်ရွက် သွားနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု  ဆွေးနွေး တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွေးနွေး တင်ပြချက်များ အပေါ်  ပြန်လည်ဖြည့်စွက် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း  သိရသည်။

ကိုဇော် (ဟင်္သာတ)