ဇမ္ဗူသီရိ ဩဂုတ် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အကူအညီရစေရန် ရည်ရွယ်၍ အလှူငွေများ လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ (၂) နာရီက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ကျင်းပရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါ လှူဒါန်းပွဲတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် ဦးဆန်းထွန်း၊ ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) (ပြည်တွင်းအခွန်များဦးစီးဌာန)နှင့် (ဒေါ်တင်တင်မိုး) မိသားစု(ကိုယ်စား) ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့်ဇနီး ဒေါ်ခိုင်ခိုင်လွင်တို့က ငွေကျပ် (၂၅၀,၀၀၀) တန်ဖိုးရှိ အောက်ဆီဂျင်အိုး (၁၄) လုံး ဝယ်ယူရန်အတွက် စုစုပေါင်းတန်ဖိုးကျပ်(၃၅) သိန်းနှင့် Mask များ ဝယ်ယူရန်အတွက် အလှူငွေကျပ် (၁) သိန်းတို့အား လာရောက် လှူဒါန်းရာ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေစံက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)