ရပ်စောက် ဩဂုတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် အများပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ စစ်ဆေးမှု ခံယူနိုင်ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် (၉-၈-၂၀၂၀)အထိ ပိုးတွေ့လူနာစုစုပေါင်း (၅၆၆)ဦး၊ ဆေးရုံ ဆင်းခွင့်ရသူ စုစုပေါင်း(၃၉၀)၊ သေဆုံးလူနာစုစုပေါင်း(၇)ဦးနှင့် ဆေးကုသမှုခံ ယူလျက်ရှိသူ စုစုပေါင်း(၁၅၉)ဦး ရှိပြီဖြစ်သဖြင့် ရပ်စောက်မြို့နယ်အတွင်းရှိ အများပြည်သူများ အနေဖြင့် နေမကောင်းလျှင် ဖြစ်စေ၊ နှာချေချောင်းဆိုးလျှင်ဖြစ်စေ၊ အနံ့အရသာမရလျှင်ဖြစ်စေ၊ မိမိကိုယ်ကို သံသယရှိ၍ ဖြစ်စေ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရခြင်း ရှိ/မရှိ စစ်ဆေးလိုပါက ရပ်စောက်မြို့နယ် ပြည်သူ့ဆေးရုံ၌ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေနေ့များတွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ စစ်ဆေးဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
ထို့အပြင် ရပ်စောက်မြို့နယ်အတွင်းရှိ အများပြည်သူများ ကိုဗစ်-၁၉ရောဂါပိုးနှင့် ပတ်သက်၍ အကူအညီလိုအပ်ပါက ရပ်စောက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်း (၀၉-၅၀၆၁၁၆၄)၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (၀၈၁-၂၀၄၀၇၂)၊ မဇ္စျိမနာရေး ကူညီမှုအသင်း(ရပ်စောက်မြို့) (၀၉-၇၈၃၄၄၄၆၆၁/ ၀၉၆၈၂၂၇၇၉၉၄) သို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)