ကျိန္တလီ ဩဂုတ် ၁၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများ၊ ရဟန်းသံဃာများ၊ သာသနာ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ဈေးသည်များ၊ Volunteerများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ တည်းခိုခန်းဝန်ထမ်းများ၊ ပို့ဆောင်ရေးဂိတ် ဝန်ထမ်းများအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေးခြင်းကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမစုရပ်၌ ယမန်နေ့ နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် ပထမအကြိမ် ကာကွယ်ဆေး မထိုးနှံရသေးသော အသက်(၆၅)နှစ် နှင့်အထက် ပြည်သူ(၉)ဦး၊ ရဟန်းသံဃာ(၅)ပါး၊ သာသနာ့ဝန်ထမ်း(၂)ဦး၊ နိုင်ငံ့ဝန်ထမ်း (၁၃)ဦး၊ ဈေးရောင်း ဈေးသည်(၂၉)ဦး၊ Volunteer(၅၀)ဦး၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ ဝန်ထမ်း(၇)ဦး၊ တည်းခိုခန်း ဝန်ထမ်း(၂)ဦး၊ ပို့ဆောင်ရေးဂိတ် ဝန်ထမ်း(၁)ဦး စုစုပေါင်း (၁၁၈)ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း၊ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာအောင်ခင်ထွေး၊ ဌာနဆိုင်ရာဝန် ထမ်းများက ကြည့်ရှုအားပေး ခဲ့ကြပြီး လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ရာ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီး နောက် ၂၈ ရက်ခြားကာ ဒုတိယအကြိမ် ထိုးနှံရမည်ဖြစ်ကြောင်း ကျိန္တလီမြို့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျိန္တလီ(ပြန်/ဆက်)