Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြင်စလူမြို့တွင် Covid-19 ရောဂေါ ကာကွယ်ရေးအတွက် ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်
Aug 11,2021
ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင် ၊ ပြင်စလူမြို့ မြို့ပေါ်ရပ်ကွက်များအတွင်း မိဘပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရန်အတွက် ကလိုရင်းပိုးသတ် ဆေး ဖြန်းခြင်း လုပ်ငန်းများကို ယနေ့နံနက် (၈)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလိုက်လံနှိုးဆော်
Aug 11,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့်ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြင့် ဆောင် ရွက်ရှိရာ ယနေ့နံနက်(၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ လူစည်းကားရာ နေရာ များတွင် မြဝတီခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ဝန်ထမ်းများက လိုက်လံအသိပညာပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့ ၌လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးTalk Showဆောင်ရွက်
Aug 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းပျဉ်းမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးTalk Show ကို မြို့နယ်ပြန်//ဆက်ဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ဩဂုတ် ၁၀ရက် နံနက်၁၀နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 11,2021
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင် ကျောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် အသက်ကြီးသူများ၊ Volunteer/ ပရဟိတအဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများအား သြဂုတ် (၁၀)ရက် နံနက်(၉)နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့နယ်၌ နယ်စပ်ရေးရာ၀န်ကြီးဌာန၏ခွင့်ပြုရန်ပုံငွေဖြင့်တည်ဆောက်သည့် စနီခ ချောင်းကူးသံကူ ကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး…
Aug 11,2021
နယ်စပ်ရေးရာ၀န်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသများလမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ဆွမ်ပီယာန်ကျေးရွာအုပ်စုအတွင်း ၂၀၂၀- ၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်ထောင် စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆွမ်ပီယာန်-အင်စီယာန်ကျေးရွာသို့ဆက်သွယ်ထားသောလမ်းမပေါ်ရှိ စနီခချောင်းကူး သံကူကွန်ကရစ်တံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းမှာ ယခုအခါရာခိုင်နှုန်းပြည့် လုပ်ငန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပူတာအိုခရိုင်ဖွံ့ဖြိုး မှုကြီးကြပ်ရေးရုံးမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းများ လိုက်လံထောက်ပံ့ပေး
Aug 11,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အမှန်တကယ် လိုအပ်နေသော မီးသင်ချိုသောအဖွဲ့အား PPE ဝတ်စုံအပါအဝင် အခြား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့က လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖာပွန်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုး(၈)ဦး ထပ်မံတွေ့ရှိသည့်အတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 11,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင်ကိုဗစ်-၁၉ရောဂါပိုး (၈)ဦးထပ်မံတွေ့ရှိသည့် အတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ လူသွားလူလာများသည့် နေရာများတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Aug 11,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25789
Page
25790
Page
25791
Page
25792
Current page
25793
Page
25794
Page
25795
Page
25796
Page
25797
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department