အမြို့မြို့အနယ်နယ်သတင်းများ

Aug 31,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက် (၆၅) နှစ်နှင့်အထက်သက်ကြီး ဘိုးဘွာများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီတွင် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Aug 31,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ရုံးမှ ဝန်ထမ်းများက “ပန်းခင်းစီမံချက်”ဖြင့် ဆောင်ရွက်ထားရှိသည့်  နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုစာရင်းများပေးအပ်ပွဲကို ယနေ့၊ နေ့လယ်(၁၂)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 31,2021
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်အတွင်းရှိ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ် ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီမှစတင်၍ မြစ်ကြီးနား မြို့နယ် အ-ထ-က (၉) ကျောင်းနှင့် အ-ထ-က (၄) ကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိသည်။
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် Mask Campaign   ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် သြဂုတ်(၂၅)ရက်မှ (၃၁)ရက်နေ့အထိ နှာခေါင်းစည်း Mask များကို မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ အဖွဲ့(၆)ဖွဲ့ခွဲပြီး ကျေးရွာအုပ်စု    (၇၃)အုပ်စုကျေးရွာပေါင်း (၂၃၄)ရွာရှိ အိမ်ထောင်စုများလက်ဝယ်အရောက် နှာခေါင်းစည်း Mask များကို  အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Aug 31,2021
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံကွန်ပြူတာသင်တန်းအား ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းတွင် သင်တန်းသား  (၇)ဦးနှင့်သင်တန်းသူ(၈)ဦး စုစုပေါင်း (၁၅)ဦး တက်ရောက်သင်ကြားနေကြောင်း သိရသည်။
Aug 31,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၆၅)နှစ်အထက် ပြည်သူများနှင့်ဦးစားပေးအုပ် စုအလိုက် ပထမအကြိမ်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားသည့် ပြည်သူများကို ယနေ့၊ နံနက်(၉)နာရီမှ (၄)နာရီအထိ   ပုဏ္ဏားကျွန်းမြို့   လောကမာရဇိန်ဘုရားကြီးသိမ်တော်၊ ယိုးတရုပ်တိုက်နယ်ဆေးရုံး၊   ပိုးရွှီပြင်တိုက်နယ်ဆေးရုံ၊   ကွန်းတောင်ကျန်းမာရေးဌာနနှင့် အလယ်ချောင်းကျန်းမာရေးဌာနတို့တွင်  ဦးစားပေးအလိုက်  ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
Aug 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အသက် (၆၅) နှစ် နှင့်အထက် မိဘပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဩဂုတ်(၃၀)ရက်နေ့မှစတင်ပြီး နံနက်(၉)နာရီအချိန်တွင် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဧကရီခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှှင့်အညီဆောင်ရွက်ကြသည်။
Aug 31,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နိုင်ငံဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) အား ယမန်နေ့ မွန်းလွဲ ၁ နာရီက သန်လျင်မြို့ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန် တော်ကြီး၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။